ဖလမ်း ၁၂ မတ်
တောင်သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ပြန်ဆပ်စနစ်ဖြင့် ဝဉမျိုးစေ့ ပိဿာ(၄၀၀၀)ကျော်အား ဖလမ်းမြို့အတွင်း တောင်သူများထံသို့ ဖြန့်ဝေပေးခြင်းကို မတ် ၁၁ နာရီခွဲက ဖလမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။
ရှေးဦးစွာ ဖလမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးလှထွေးအောင်က ဝဉမျိုးစေ့ဖြန့်ဝေပေး ရခြင်းရည်ရွယ်ချက်များကို ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက ဝဉမျိုးစေ့ဖြန့်ဝေပေးခြင်းနှင့် စပ်လျဉ်း၍ မျိုးပြန်ဆပ်ရမည့် အခြေအနေများနှင့် ဝဉစိုက်ပျိုးရေးဆိုင်ရာ သိရှိလိုသည်များကို မေးမြန်းကြပြီး မြိုန့ယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးသည်။
ယင်းနောက် မြို့နယ်ဦးစီးမှူး ဦးလှထွေးအောင်က “ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် စိုက်ပျိုး ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ပထမအနေနဲ့ ဝဉကို မျိုးပြန်ဆပ် စနစ်နဲ့ ပိဿာ(၄၀၀၀)ကျော်ကို တောင်သူတွေထံ ဖြန့်ဝေတယ်။ တောင်သူများက နောက်တစ်နှစ်ကြရင် တစ်ပိဿာမှာ တစ်ပိဿာခွဲဖြင့် ကျွန်တော်တို့ကို ပြန်ဆပ်ရပါမယ်။ ပြန်ဆပ်တဲ့ ဟာနဲ့ တစ်ခြားတောင်သူများကို ပြန်ပြီးဖြန့်ဝေပေးပါမယ်။ ဝဉစိုက်ပျိုးရေး နည်းပညာနှင့်ပတ်သက်ရင်လည်း တောင်သူတွေ ပညာပေးလုပ်ငန်းလည်း ဆောင်ရွက်ပေးပါမယ်”လို့ ပြောသည်။
ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်နေ တောင်သူ ဦးမိုက်ကယ်က “ကျွန်တော်တို့တောင်သူတွေကို စိုက်ပျိုးရေးဌာနကနေ အခုလို ဝဉမျိုးစေ့ ပြန်ဆပ်စနစ်နဲ့ ထုတ်ပေး တဲ့အတွက် ကျေးဇူးတင်တယ်။ ကျွန်တော်တို့ တောင်သူတွေဟာ အရင်းအနှီးမရှိသည့်အတွက် လုပ်ငန်းတစ်ခုလုပ်ရတာအဆင် မပြေပါဘူး။ ဒီလို တောင်သူများကို မျိုးစေ့ပြန်ဆပ်စနစ်နဲ့ မျိုးစေ့ထုတ်ပေးတဲ့အတွက် တောင်သူ တွေအတွက် အကျိုးအမြတ်ရှိလာမှာပါလို့”ပြောကြားကြောင်းသိရသည်။
ဂျွန်( ပြန်/ဆက် )