ဖလမ်း ၆ အောက်တိုဘာ        


 
ဖလမ်းမြို့ရှိ အသက်နှစ်လမှ တစ်နှစ်ခွဲ ကလေးငယ်များအား မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့ နံနက်ပိုင်းကစ၍ ပုံမှန်ကာကွယ်ဆေးများ စတင်ထိုးနှံ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် ကလေးမိဘ အုပ်ထိန်းသူများအား  နှာခေါင်းစည်း တပ်ဆင်စေခြင်း၊ လက်ဆေးစေခြင်း၊ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက်  ကာကွယ်ဆေးများကို အလှည့်ကျဖြင့် ထိုးနှံတိုက်ကျွေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။

 

အသက်နှစ်လမှ တစ်နှစ်ခွဲကလေးငယ်များအား ဘီစီဂျီ၊ အသည်းရောင်အသားဝါ (ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ( ရိုတာ )၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် ( ပီစီဗီ )၊ ဆုံဆို့ - ကြက်ညှာ-မေးခိုင် - အသည်းရောင် အသားဝါ (ဘီ) - ဦးနှောက်အမြှေးရောင် ( ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဝက်သက် - ဂျိုက်သိုး ကာကွယ်ဆေးများကို အောက်တိုဘာ ၆ ရက်မှ ၈ ရက်နေ့ထိ ထိုးနှံ တိုက်ကျွေးပေးမည် ဖြစ်ကြောင်းသိရသည်။

 

ရှိန်းတမ် (ခရိုင် ပြန်/ဆက်)