ဖလမ်း ၂၆ မတ်

 

ဖလမ်းမြို့ရှိ စားဝတ်နေရေးခက်ခဲသော ပြည်သူများနှင့် သက်ကြီးရွယ်အိုများအား ရန်ကုန်မြို့တွင် နေထိုင်သည့် Andrew လာလ်လျန်ထန်းက ဆန်အိတ်(၁၀ဝ) လှူဒါန်းမည်ဖြစ်ကြောင်း ချင်းလူမှုကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (CRCDF) အတွင်းရေးမှူး ဆလိုင်း ငယ်ပီးသျှန်းအုပ်ထန်း ထံမှ သိရသည်။

 

CRCDF အတွင်းရေးမှူးက “ရန်ကုန်မြို့ရှိ Business Plus ကုမ္ပဏီပိုင်ရှင် Andrew လာလ်လျန်ထန်းက ဧရာမင်းဆန် အိတ်(၁၀ဝ)ကို ဖလမ်းမြို့အတွက် လှူမယ် ဖလမ်းမြို့ကို မတ် ၂၈ ရက်နေ့မှာ ရောက်ပါမယ်။ ဖလမ်းမြို့ပေါ်(၄)ရပ်ကွက်ရှိ စားဝတ်နေရေးခက်ခဲသူများရယ်၊ သက်ကြီးရွယ်အိုတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စာရင်းကောက်နေပါတယ်။ အဲ့ဒီစာရင်းအရ CRCDF က ဆန်အခမဲ့ ဖြန့်ဝေပေးမည်”ဖြစ်တယ်လို့ ပြောသည်။

 

အဆိုပါဆန်များကို CRCDF မှ တာဝန်ယူကာ စားဝတ်နေရေးခက်ခဲသူများနှင့် သက်ကြီးရွယ်အိုများအား အခမဲ့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်းသိရသည်။

 

ဂျွန်(ပြန်/ဆက်)