ဖလမ်း ၂၄ စက်တင်ဘာ
ဖလမ်းမြို့ရှိ ဆေးအရောင်းဆိုင်များအား ရှောင်တခင် စစ်ဆေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိသည်။
ထိုသို့ စစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ချင်းပြည်နယ် တာဝန်ခံ ဒေါက်တာ ဇိုဆက်ဗန်ဘွဲ့အုပ်နှင့် ဝန်ထမ်းများ၊ ဖလမ်းမြို့ မြို့မရဲစခန်း ဒုတိယစခန်းမှူး ရဲအုပ်ငွေစိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် တိုင်းရင်းဆေးပညာဦးစီးမှူး ဒေါ်နုနုဝါနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လျန်းစန်းကိမ်တို့က ဆေးဆိုင်များတွင် တရားမဝင် ဆေးဝါးများရောင်းချမှု ရှိ/မရှိနှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှု ရှိ/မရှိတို့ကို ရှောင်တခင် စစ်ဆေးခဲ့ကြကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


