ဖလမ်း ၇ ဒီဇင်ဘာ       

 

(၂၈)ကြိမ်မြောက် ခရစ်စမတ်ဈေးရောင်းပွဲတော်ဖွင့်ပွဲကို ဒီဇင်ဘာ ၇ ရက် နံနက် ၉ နာရီက ဖလမ်းမြို့၊ ချင်းခရစ်ယာန်ဓမ္မတက္ကသိုလ်ကျောင်း မုခ်ဦး၌ ပြုလုပ်သည်။

 

ဈေးရောင်းပွဲတော်ကို မြို့နယ်ပညာရေးမှူး ဒေါ်ငွန်ပဲင်းက ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးသည်။ ဈေးရောင်းပွဲကို ချင်းခရစ်ယာန်ဓမ္မတက္ကသိုလ်ကျောင်းဝန်း၌ နံနက် ၉ နာရီမှ စတင်ကာ ဖလမ်းမြို့ရှိ အသင်းတော် အသီးသီးမှ လူငယ်များက ရိုးရာအစား အစာမျိုးစုံ၊ အစားအစာမျိုးစုံများ ရောင်းချပြီး ပျော်ရွှင်စရာ အားကစားမျိုးစုံများကိုလည်း ကစားနိုင်အောင် ဆောင်ရွက်ထားသည်။

 

ခရစ်စမတ်ဈေးရောင်းပွဲသည် အဆိုပါကျောင်းက နှစ်စဉ်ကျင်းပခြင်းဖြစ်ပြီး ဈေးရောင်းပွဲမှ ရရှိသည့် အမြတ်ငွေများကို အသင်းတော်များက ကျောင်းအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဂျွန်(ပြန်/ဆက်)