ဖလမ်း ၁၁ စက်တင်ဘာ
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖလမ်းခရိုင်ရုံး ဝန်ထမ်းများက နယ်လှည့်အသိပညာပေး ဟောပြောပွဲကို ဖလမ်းမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီက ပြုလုပ်သည်။
နယ်လှည့်အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖလမ်းခရိုင်ရုံး ဒုတိယဦးစီးမှူး ဦးဟရန်အဲရ်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း၊ လူကုန်ကူးမှု အကြောင်းများကို ဟောပြောခဲ့ပြီး ကျောင်းသား ကျောင်းသူများ၏ သိရှိလိုသည့် မေးမြန်းချက်များအား ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက ပြသထားသော ဓာတ်ပုံများ၊ နံရံကပ်စာစောင်များနှင့် စာအုပ်/စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


