၁ သြဂုတ်

တောင်ဘက် ဖင်လန်အလယ်ပိုင်းရှိ တမ်ပီယာပါပ်ကလာ လေဆိပ်၌ ယမန်နေ့ညနေပိုင်းက သင်တန်းသားလေယာဉ်မှူးတစ်ဦး လေ့ကျင့်မောင်းနှင်နေစဉ် ထိုလေယာဉ်ငယ် ပျက်ကျခဲ့သဖြင့် ယင်းလေယာဉ်မှူး သေဆုံးခဲ့သည်ဟု ပို့ဆောင်ရေးတာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။

လေယာဉ်မြေပြင်မှ ပျံတက်ရန်ကြိုးစားနေစဉ် ထိုလေယာဉ်မှာ လေယာဉ်ကွင်းဆီသို့ ဦးစိုက်ပျက်ကျခဲ့သည်။ လေဆိပ် ညွှန်ကြားရေးမှူး မာရီနာမီနန်က ယင်းလေယာဉ်မှာ အပေါ့စားလေယာဉ်ငယ်တစ်စီး ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် (FR1027)  ဘူဒါပတ်မှ အဝင်ရာနေးယား ခရီးစဉ်သည် တမ်ပီယာလေဆိပ် အနောက်တောင်ဘက် ၂၀ဝ ကီလိုမီတာအကွာခန့်ရှိ တာကူလေဆိပ်သို့ လမ်းကြောင်းပြောင်းကာ ပျံသန်းခဲ့ရသည်။

ဖင်လန်သယ်ယူပို့ဆောင်ရေးဆိုင်ရာ အာဏာပိုင် ဂျာနီဟောတိုလာက ၎င်းလေယာဉ်မောင်းသင်တန်းသားမှာ သင်ကြားခြင်းမပြီးမြောက်သေးသော်လည်း တစ်ဦးတည်း ပျံသန်းရန် ခွင့်ပြုချက်ရရှိခဲ့သည်ဟု  ပြောကြားခဲ့သည်။

စစ်တပ်နှင့် အရပ်သားပူးပေါင်း လေဆိပ်ဖြစ်သည့် တမ်ပီယာပါပ်ကလာ လေဆိပ်သည် တမ်ပီယာမြို့၏ တောင်ဘက်တွင် တည်ရှိခဲ့သည်။ ၎င်းလေယာဉ်ငယ်ပျက်ကျမှုသည် ဖင်လန်နိုင်ငံတွင် ရက်သတ္တပတ်တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်သည်။

ကိုးကား- ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို