၂ အောက်တိုဘာ
ဖင်လန်နိုင်ငံရှိ အသက်မွေးမှု ကောလိပ်ကျောင်းတွင် လက်နက်ကိုင် လူတစ်ဦး ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့သည်။
ဓါးသွားတစ်လက်နှင့် သေနတ်တစ်လက် ကိုင်ဆောင်လာသော အမျိုးသားတစ်ဦးသည် ဖင်လန်နိုင်ငံအရှေ့ပိုင်း ကူအိုပီအိုမြို့ ထိုကောလိပ်ကျောင်းရှိ လူများကို ယမန်နေ့က တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်သူ အပါအဝင် ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။
၎င်းသံသယရှိသူကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ယင်းတိုက်ခိုက်မှုကြောင့် ကျောင်းသူတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသန္တရမီဒီယာက ဆိုသည်။
၎င်းတိုက်ခိုက်သူမှာ ယင်းကောလိပ်ကျောင်းမှ ကျောင်းသားတစ်ဦးဖြစ်ကြောင်း မျက်မြင်သက်သေ၏ ပြောကြားချက်ကို ကိုးကားပြီး မီဒီယာက ဖော်ပြထားသည်။
ယင်းသို့တိုက်ခိုက်ရသည့် ရည်ရွယ်ချက်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို