ရန်ကုန် ၄ အောက်တိုဘာ
ဖင်လန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဒုတိယ ဝန်ကြီး Ms. Nina Irmeli Vaskunlahti ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ ည ၆ နာရီ မိနစ် ၂၀ တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာသွားသည်။
ဖင်လန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဒုတိယ ဝန်ကြီး ဦးဆောင်သော အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီး Ms. Riikka Johanna Laatu နှင့် တာဝန်ရှိသူတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
သတင်းစဉ်


