နေပြည်တော် ၂ အောက်တိုဘာ

 

ဖင်လန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဒုတိယဝန် ကြီး Ms. Nina Irmeli Vaskunlahti ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိကြသည်။

           

ဖင်လန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဒုတိယဝန်ကြီးနှင့်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံရုံး အတွင်းရေးမှူး ဒေါ်သန်းသန်းလွင်နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

သတင်းစဉ်