၁၉ ဩဂုတ်
ဖင်လန်နိုင်ငံက ဥရောပနိုင်ငံအများစုကို အသွားအလာကန့်သတ်မှု စာရင်းထဲကို ပြန်လည်ထည့်သွင်းလိုက်ပြီး ဥရောပနိုင်ငံ ငါးနိုင်ငံလောက်သာ ဖင်လန်နိုင်ငံကို အကန့်အသတ်မရှိ ဝင်ခွင့်ပေးထားကြောင်း ဒီနေ့(ဗုဒ္ဓဟူးနေ့)မှာ ကြေညာလိုက်ပါတယ်။
ဗိုင်းရပ်စ်ပိုးကူးစက်မှု တားမြစ်နိုင်ရေးအတွက် အီတလီ၊ ဟန်ဂေရီ၊ စလိုဗက်ကီးယား၊ အက်စတိုးနီးယားနဲ့ လစ်သူမေးနီးယား နိုင်ငံတွေကလွဲပြီး ဖင်လန်နိုင်ငံကို လာရောက်သူတိုင်း သီတင်းနှစ်ပတ် သီးသန့် ခွဲခြားစောင့်ကြည့်မှု အောက်မှာရှိမယ်လို့ သိရပါတယ်။
ဖင်လန်နိုင်ငံကို ဥရောပနိုင်ငံတွေမဟုတ်တဲ့ တစ်ခြားနိုင်ငံတွေကတော့ ဂျော်ဂျီယာ၊ ရဝမ်ဒါနဲ့ တောင်ကိုရီးယားနိုင်ငံတွေမှ ခရီးသွားတွေဟာ လာမယ့် တနင်္လာနေ့ကစပြီး လွတ်လွတ်လပ်လပ် လာရောက်ခွင့်ရရှိမယ်လို့ သိရပါတယ်။
ဖင်လန်နိုင်ငံရဲ့ နယ်စပ်တွေကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ရခြင်းမှာ နိုင်ငံတွင်းက ဗိုင်းရပ်စ်ပိုးတွေ့ရှိမှုနဲ့ ပတ်သတ်ပြီး အခြေအနေကောင်းနေတာကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေးအတွက် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကစပြီး သီတင်းနှစ်ပတ်အတွင်း ဗိုင်းရပ်စ်ပိုးကူးစက်မှုဟာ လူဦးရေ တစ်သိန်းမှာ ပိုးတွေ့ရှိသူ ၈ ဦးထက်နည်းတဲ့ နိုင်ငံတွေအား ဖင်လန်နိုင်ငံကို လွတ်လွတ်လပ်လပ် လာနိုင်ကြောင်း ပြောဆိုခဲ့ပေမယ့် အခုတော့ ပိုးတွေ့သူကို ၁၀ ဦး ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။
ဖင်လန်နိုင်ငံတွင် ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်းမှာ လူဦးရေတစ်သိန်းမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၅ ဒသမ ၃ ဦး သာရှိခဲ့ကြောင်း သိရပါတယ်။
ဖင်လန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၇,၈၀၅ ဦးရှိပြီး သေဆုံးသူ ၃၃၄ ဦးရှိကြောင်း၊ ပြန်လည်ကျန်းမာလာသူ ၇,၀၅၀ ဦးရှိပြီး လက်ရှိဗိုင်းရပ်စ်ရောဂါပိုး ခံစားနေရသူ ၄၂၁ ဦးရှိကြောင်း ဒီနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
MDN
ကိုကား- AFP