၂ ဇန်နဝါရီ
ဖင်လန်နိုင်ငံတွင် ယမန်နေ့ညနေပိုင်းက မိုးလေပြင်းထန်စွာ တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများရှိပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပြတ်တောက်မှုဖြစ်ပွားခဲ့ပြီး ထိုသဘာဝဘေးအန္တရာယ်မှာ ဗုဒ္ဓဟူးနေ့အထိ ဆက်လက်ဖြစ်ပွားမည်ဟု ခန့်မှန်းရသည်။
လေတိုက်နှုန်းမှာ တစ်စက္ကန့်လျှင် ၂၇ မီတာရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အမျိုးသားရာသီဥတုဌာနက ဘောလ်တစ်မြောက်ပိုင်းတွင် လှိုင်းတံပိုးအမြင့်မှာ ၇ မီတာအထိ ရှိနိုင်သည်ဟု ကြိုတင်ခန့်မှန်းထားကြောင်း ဟယ်ဆင်းဆာနိုမတ် သတင်းစာက ဖော်ပြခဲ့သည်။
ဖင်လန်နိုင်ငံ အနောက်တောင်ပိုင်း ဝိုင်ပါဂျားတွင် ဘတ်စ်တစ်စီးတိမ်းမှောက်ခဲ့ရာ ခရီးသည် ၁၈ ဦးလုံး ကားပေါ်မှ ထွက်နိုင်ခဲ့ပြီး အချို့မှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြသည်။
အရှေ့ဘက်ပိုင်းရှိ တောင်-မြောက် ရထားလမ်းပေါ်သို့ ယမန်နေ့ညနေပိုင်းက သစ်ပင်များ ပြိုလဲကျမှုကြောင့် ရထားပြေးဆွဲမှုကို ယနေ့မနက်အထိ ရပ်ဆိုင်းထားကြောင်းနှင့် အိမ်ခြေလေးသောင်းခန့်တွင် ယမန်နေ့က လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့ကြောင်း ၎င်းသတင်းစာတွင် ဖော်ပြထားသည်။
ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို