ဟောင်ကောင် ၂၇ ဇူလိုင်

ရှေ့တောင်အာရှနိုင်ငံအများအပြားသည် မကြာသေးမီအချိန်အတွင်း အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့ အပါအဝင် ဖွံ့ ဖြိုးပြီးနိုင်ငံများမှ သင်္ဘောဖြင့် စွန့်ပစ်အမှိုက်များ ပို့ဆောင်လာမှုကို ကြားဖြတ်ဟန့်တားခဲ့ပြီး စွန့်ပစ်အမှိုက်များကို မူလပို့ဆောင်သည့်နိုင်ငံများဆီသို့ ပြန်လည်ပို့ဆောင်ခဲ့ကြသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က ကမ္ဘောဒီးယားအစိုးရသည် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ ပါရှိသည့် ကုန်သေတ္တာ ၈၃ လုံးကို အမေရိကန်နှင့် ကနေဒါနိုင်ငံတို့ဆီသို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမှိုက်သရိုက်များဖြင့် ပြည့်နှက်နေသည့်ကုန် သေတ္တာများကို စီဟာနော့ဗီလီ ဆိပ်ကမ်၌ တွေ့ရှိခဲ့ရကြောင်း သိရသည်။ ယင်းစွန့်ပစ်အမှိုက်များ၏ မူလနေရာမှာ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့မှ ဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဖေစီဖန်က ဆိုသည်။ 

သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ နက်ဖိတ်ထရာက ကမ္ဘောဒီးယားနိုင်ငံသည် ပြန်လည်သန့်စင်အသုံးပြုရန် ပို့ဆောင်လာသည့် မည်သည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းကိုမျှ လက်ခံမည်မဟုတ်ကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံသည် အခြားနိုင်ငံများမှ အမှိုက်များကို စွန့်ပစ်သည့်အမှိုက်ပုံမဟုတ်ကြောင်း ပြောကြားခဲ့သည်။

မလေးရှားစွမ်းအင်နှင့် နည်းပညာ၊ သိပ္ပံနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ကြီး ရီယိုဘီယင်က ဖွံ့ဖြိုးပြီးနိုင်ငံများသည် ၎င်းတို့၏စွန့်ပစ်ပစ္စည်းများကို ဖွံ့ဖြိုးဆဲနိုင်ငံများဆီသို့ သင်္ဘောဖြင့် မပို့ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။

ဆင်ဟွာ