နေပြည်တော် ဒီဇင်ဘာ ၂၃

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကွပ်ကဲမှုအောက်ရှိ ဉီးစီးဌာနများနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် များမှ အရာထမ်း၊ အမှုထမ်းများဖြင့်‌ဆောင်ရွက်ခဲ့သော "ဖွံ့ဖြိုးတိုးတက်မှုအလားအလာကောင်း တစ်ရပ်၏ ပြယုဂ်-ခေါင်းဆောင်မှုအရင်းအမြစ်တည်ဆောက်ခြင်း" ဆိုင်ရာ  ပထမအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရုံးအမှတ် (၁၇)၊ စုပေါင်းခန်းမတွင် ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ တက်ရောက်၍ ဆုရရှိသူများကို ဆုချီးမြှင့်ပေးအပ်ပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အဆိုပါ ပိတ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များဖြစ်သော ဦးစစ်အေး၊ ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီနှင့် အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲကာလမှာ ဒီဇင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိဖြစ်ပြီး သတ်မှတ်ခေါင်းစဉ် များအလိုက် ဆွေးနွေးမှုများပြုလုပ်ခြင်း၊ အုပ်စုအလိုက်ခွဲ၍ဆွေးနွေးခြင်း၊ ဆွေးနွေးမှုရလဒ်များကို ပြန်လည်တင်ပြခြင်း၊ ရလဒ်များသုံးသပ်ဖော်ထုတ်ခြင်း၊ အကောင်းဆုံး ဆွေးနွေးတင်ပြသူများ၊ အကောင်းဆုံး ပါဝင်ဆွေးနွေးသူများနှင့် အကောင်းဆုံးအုပ်စုအလိုက် ဆွေးနွေးတင်ပြသည့် အုပ်စုကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)