ငြိမ်းချမ်းရေးဟူသည် ပဋိပက္ခများ၊ တိုက်ခိုက်မှုများ၊ စစ်ပွဲများ မရှိခြင်းပင်ဖြစ်သည်။ စစ်မရှိပါမှ ငြိမ်းချမ်းမှုဖြစ်လာသည်။ ငြိမ်းချမ်းပါမှစိုးရိမ်ထိတ်လန့်ရမှုတို့ ကင်းမဲ့သည်။ ငြိမ်းချမ်းခြင်းကသာလျှင် ဖွံ့ဖြိုး တိုးတက်မှုတို့ကို ဆောင်ကြဉ်းလာနိုင်စေသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်းက မြန်မာနိုင်ငံတွင်ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံး ပြည်နယ်နှစ်ခုတို့၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြပွဲနှစ်ရပ်ကို တစ်ခုပြီးတစ်ခု ကာလသိပ်မခြားဘဲ ကျင်းပခဲ့သည်။ ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲ (၂၀၁၉) ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်တွင် ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေတွင် ဖွင့်လှစ်ခဲ့ပြီး ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲကို ရန်ကုန်မြို့မင်းဓမ္မလမ်း မြန်မာကွန်ဗင်းရှင်းစင်တာတွင် မတ်လ ၁၆ ရက်နှင့်၁၇ ရက်တို့တွင် ကျင်းပခဲ့ခြင်းပင် ဖြစ်သည်။ ယင်းပြပွဲများ ကျင်းပရခြင်း ၏ ရည်ရွယ်ချက်များမှာ ပြည်နယ်များ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက်ပင် ဖြစ်သည်။ ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများနှင့်ပြည်နယ်များအတွင်းရှိ စီးပွားရေးလုပ်ငန်းများကို ချိတ်ဆက်မိစေပြီး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် စီးပွားရေးမြင့်မားလာစေရန်ရည်ရွယ်ရင်းဖြစ်သည်။
ရခိုင်ပြည်နယ်ရော ချင်းပြည်နယ်ပါ မြန်မာနိုင်ငံ၏ အနောက်ဘက်တွင်တည်ရှိနေပြီး ပြည်နယ်နှစ်ခုမှာလည်း ထိစပ်လျက်ရှိသည်။ ဖွံ့ဖြိုးတိုးတက်မှုအရ နောက်ကျကျန်နေသည့် ပြည်နယ်နှစ်ခု၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများကိုနိုင်ငံတော်အစိုးရက အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီး တစ်ဆက်တည်း မှာပင် ပြည်နယ်များအတွင်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန်အတွက် အခွင့်အလမ်းများကို ဖော်ဆောင်ပေးခြင်းလည်း ဖြစ်သည်။ အိန ́ိယနိုင်ငံ၏ အကူအညီဖြင့် အကောင်အထည်ဖော်လျက်ရှိသည့်ကုလားတန်မြစ်ကြောင်းစီမံကိန်းဆိုလျှင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် စီမံကိ်န်းတစ်ရပ်ဖြစ်သည်။ အဆိုပါ စီမံကိန်းနှင့်စပ်လျဉ်း၍ စစ်တွေဆိပ်ကမ်းနှင့် ပလက်ဝဆိပ်ကမ်း တို့ တည်ဆောက်ပြီးပြီဖြစ်ကြောင်း၊ ပလက်ဝမှနေပြီး နှစ်လမ်းသွားအဝေး ပြေးလမ်းဖောက်လုပ်နေပြီး အိန ́ိယနှင့် ချိတ်ဆက်ကာ နယ်စပ်ကုန်သွယ်ရေးစခန်းတည်ဆောက်မှာဖြစ်ကြောင်း၊ အိန ́ိယမှ ပလက်ဝသို့ ကားလမ်း ကြောင်း၊ ပလက်ဝမှ စစ်တွေသို့ ရေကြောင်းတို့မှတစ်ဆင့် ကုန်သွယ်ရေး လမ်းကြောင်းဖွင့်ကာ နိုင်ငံတကာသို့ ကုန်သွယ်နိုင်မည်ဖြစ်ကြောင်း တို့ကိုချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ရှင်းလင်းပြောကြားခဲ့သည်ကိုလည်း အမှတ်ထင်ထင်ဖတ်ရှုခဲ့ရသည်။ ကုလားတန်မြစ်ကြောင်း ဘက်စုံ¶ဖြိုးရေးစီမံကိန်းသည် အိန ́ိယနိုင်ငံအတွက်ရော မြန်မာနိုင်ငံအတွက်ပါ အကျိုးရှိစေမည့် စီမံကိန်းဖြစ်သည်။ မြန်မာနိုင်ငံအတွက်ဟုဆိုရာ တွင် စီမံကိန်းအကောင်အထည်ဖော်မည့် ရခိုင်ပြည်နယ်နှင့် ချင်း ပြည်နယ်တို့၏ ¶ ဖြိုးတိုးတက်ရေးအတွက် အထူးအရေးပါလှသည့် စီမံကိန်း ဖြစ်သည်။
သို့ရာ တွင် မကြာသေးမီရက်ပိုင်းအတွင်းက ပလက်ဝတံတား တည်ဆောက်ရေးပစ္စည်းများ တင်ဆောင်လာသည့် ရေယာဉ် ကုလားတန်မြစ်အတွင်း တိုက်ခိုက်ဖျက်ဆီးခံရခြင်း၊ ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်တိုက်ခိုက်မှုများကို လူနေရပ်ကွက် မြို့ရွာများထိ ဖြန့်ကြက်လာကာ မငြိမ်မသက်မှုများ ဖြစ်ပေါ်လာခြင်းတို့က ¶ ဖြိုးရေးအတွက် တည်ဆောက်အကောင်အထည်ဖော်မှုများကို အရှိန်အဟုန်လျော့ကျ နှောင့်နှေးစေရုံမျှ မက ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့်သူများကိုပါ တွန့်ဆုတ်သွားစေမည်ဖြစ်သည်။
စစ်ပွဲများသည် နိုင်ငံရေး၏ အခြားနည်းလမ်းတစ်ရပ်ဟု အဆိုရှိသည့်အတိုင်း နိုင်ငံရေးအကျိုးအမြတ်တစ်စုံတစ်ရာအတွက် စစ်ကို ဖော်ဆောင်ခြင်းဖြစ်သည်ဟု ယူဆရပေမည်။ စစ်ကိုဖော်ဆောင်သည့်အဖွဲ့အစည်း ၏ နိုင်ငံရေးအကျိုးအမြတ်တစ်စုံတစ်ရာအတွက် ပြည်နယ်များ၏ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို စတေးရခြင်းမှာမူ မဖြစ်စကောင်း။ မျက်မှောက်ခေတ်သည် လက်နက်များကို အခြေစိုက်နေရာများမှာ ထားရစ်ခဲ့ပြီး စားပွဲဝိုင်းတွင် မျက်နှာချင်းဆိုင်ထိုင်ကာ နှလုံးရည်ဖြင့်ဆွေးနွေးညှိနှိုင်း ၍ အဖြစ်သင့်ဆုံးသော ဆုံမှတ်တစ်ခုဆီသို့ လျှောက်လှမ်းနေကြသည့်ခေတ်ဖြစ်သည့်အလျောက် စစ်တလင်းအသစ်များ ထပ်မံပေါ်ပေါက်လာမည့်အရေးကို ပြည်သူများနှင့်အတူ မလိုလားပါကြောင်း။ မြန်မာ့အလင်း