နေပြည်တော် ၂၅ စက်တင်ဘာ 

ဖရဲသခွားမွှေး အမျိုးသားပို့ကုန်မဟာဗျူဟာ ဒီဇိုင်းရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ M Gallery Hotel ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဖရဲသခွားမွှေးတင်ပို့မှုသည် နှစ်စဉ် တန်ချိန်တစ်သိန်းကျော် တိုးတက်လျက်ရှိပြီး ယခု တန်ချိန်တစ်သန်းနီးပါး တင်ပို့နိုင်ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အနေဖြင့် USAID ၏ အကူအညီနှင့် အပူပိုင်းဒေသ ဖရဲ၊ သခွားမွှေးတန်ဖိုးမြှင့် ကွင်းဆက်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ဝန်ကြီးဌာနအနေဖြင့် ဖရဲ၊ သခွားမွှေး အပါအဝင် အလားအလာရှိ ထုတ်ကုန်များ၏ Value Chains တိုးတက်မှုပိုင်းဆိုင်ရာ Letter of Intent ကိုလည်း သဘောတူထားရှိပြီးဖြစ်ကြောင်း၊ သစ်သီးဝလံဟင်းသီး ဟင်းရွက်ကဏ္ဍသည် အမျိုးသား ပို့ကုန်မဟာဗျူဟာ၏ ကဏ္ဍအသစ်တစ်ခုဖြစ်ပြီး ပို့ကုန် အလားအလာရှိသော သီးနှံအမယ်များစွာ ရှိနေပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်၊ USAID နှင့် Winrock International မှ တာဝန်ရှိသူများက ဖရဲသခွားမွှေးများ ကဏ္ဍအလိုက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားကြသည်။


သတင်းစဉ်

 

mdn