ဖရူဆို၊ ၁ ဇန်နဝါရီ        

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များနှင့် မြို့မဈေး တို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ထုတ်ဝေသော (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို  ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင် ခရီးစဉ်တွင် ပြောကြားသည့် အမှာစကားကောက်နုတ်ချက်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဦးတည်ချက်၊ လွတ်လပ်ရေးသစ္စာအဓိဌာန် (၉)ချက်၊ လွတ်လပ်ရေးကြေညာစာတမ်းမှ ကောက်နုတ်ချက်၊ လွတ်လပ်ရေးအသိ လွတ်လပ်ရေးသတိကဗျာနှင့် ကာတွန်းများဖြင့် ဝေဝေဆာဆာ ဖော်ပြပါရှိသော လွတ်လပ်ရေးနေ့ သတင်းစကား လက်ကမ်းစာစောင်များကို မြို့ပေါ်ရှိ ကုန်စုံဆိုင်များနှင့် မြို့မဈေးတို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တောရယ်(ပြန်/ဆက်)