ဖရူဆို၊      ၉      ဒီဇင်ဘာ         

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများ၊ မြို့တွင်း လမ်းဆုံများနှင့် ကုန်စုံဆိုင်များတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ် ထုတ်ဝေ သော နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့အထိန်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၉ ရက်နေ့တွင် ကျရောက်သည့် နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရန်နှင့် အမြဲအမှတ်ရစေရန်အတွက် နိုင်ငံတော် အကြီးအကဲများ၏ အမျိုးသားအောင်ပွဲနေ့ဆိုင်ရာ သဝဏ်လွှာနှင့် မိန့်ခွန်းကောက်နုတ်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက် အပါအဝင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊  ဗြိသိသျှတို့ ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေ၊ အမျိုးသားအောင်ပွဲနေ့ အဓိဌာန်ကဗျာ၊ ကာတွန်း များဖြင့် ဝေဝေဆာဆာဖော်ပြပါရှိသော အမျိုးသားအောင်ပွဲနေ့ သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တောရယ်(ပြန်/ဆက်)