ဖရူဆို ၁၁ ဇွန်

 

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဖရူဆိုမြို့နယ် ဟိုယာ-ဘီယာဒေသတွင် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးမှု လျော့နည်းလာစေရေးနှင့် အစားထိုးသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက်   နှစ်ရှည်သီးနှံ ပျိုးပင်/ မျိုးစေ့များ ဖြန့်ဝေပေးအပ်ခြင်းနှင့် စိုက်ပျိုးနည်းပညာသင်တန်းကို ဇွန် ၁၀ ရက်က ဖရူဆို မြို့နယ် ဟိုယာစိုက်ပျိုးရေးဆိုင်ရာ နည်းပညာပြန့်ပွားရေးစင်တာ (ဟိုယာ-ဘီယာ ဒေသဖွံ့ဖြိုးရေး စခန်း)၌ ကျင်းပသည်။

 

အဆိုပါ ပျိုးပင်/မျိုစေ့များပေးအပ်ပွဲနှင့် သင်တန်းသို့ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များနှင့် တောင်သူ (၅၂)ဦး တက်ရောက်ကြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်မှူးနှင့် ဝန်ထမ်းများက ဟိုယာစခန်းတွင် ပျိုးဉယျာဉ်တည်ထောင်၍ အစားထိုးသီးနှံ နှစ်ရှည်ပျိုးပင်များ ပျိုးထောင်ဖြန့်ဝေ စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်၊ အိမ်ခြံဝင်းဉယျာဉ်ခြံသီးနှံများ စိုက်ပျိုး ထုတ်လုပ်ရခြင်း၏ အကျိုးကျေးဇူးများနှင့် ကော်ဖီ၊ ဝဉ စိုက်ပျိုးနည်းပညာများကို ဆွေးနွေးပို့ချသည်။ ဆက်လက်၍ ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ပျိုးထောင်ရရှိသည့် ကော်ဖီ (၃၂၀ဝ၀)၊ လက်ဖက် (၂၀ဝ၀ဝ)၊ ထောပတ် (၁၂၀ဝ)ပင်နှင့် ဟင်းသီးဟင်းရွက် မျိုးစေ့တို့ကို  ဟိုယာ၊ ရာဧပရား၊ ဒိုလာစော၊ ဒိုမိုစော၊ ကေကော၊ သိုသီးဖိုနှင့် ရော်ဒေါခေါကျေးရွာအုပ်စုများရှိ တောင်သူများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)