ဖရူဆိုမြို့နယ် ထီးပေါ်ဆိုကျေးရွာတွင် အခြေခံလျှပ်စစ်သင်တန်းဖွင့်

ဖရူဆို ၄ ဇန်နဝါရီ

ကယားပြည်နယ်  ဖရူဆိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခြေခံ လျှပ်စစ်သင်တန်း (၁/၂၀၁၉) ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၃ ရက် မွန်းလွဲပိုင်းက ထီးပေါ်ဆိုကျေးရွာ ခန်းမဆောင်၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးပဲ့ဒူ၊ ပြည်နယ်ကျေးလက်ဦးစီးမှူ ဦးကျော်သူအောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးမင်းမင်းတို့က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်၊  အတတ်ပညာ တစ်ရပ်ရပ်တတ်မြောက်ခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားလာပြီး လူနေမှုအဆင့်အတန်း မြင်မားလာစေရန် ရည်ရွယ်၍ ကျေးရွာများမှ သင်တန်းသား၂၀ အား (၁၅) ရက်ကြာ သင်ကြားပေးမည်ဖြစ်သည်။

ဆက်လက်၍ ပြည်နယ်ဦးစီးမှူးဦးကျော်သူအောင်သည် လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ထီးကလူဒေါ ကျေးရွာခန်းမဆောင် တိုးချဲ့ခြင်းလုပ်ငန်း၊ ကဒါးလားကျေးရွာ ခန်းမဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည့်မြေ နေရာအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များအား ကျေးရွာကော်မတီဝင်များအား မှာကြားခဲ့ကြောင်းသိရသည်။

ဝတ်ရည်(မယ်စဲ့)

 

mdn