ဖရူဆို  ၇   ဖေဖော်ဝါရီ  

ဖရူဆိုမြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန၊ကျန်းမာရေး ဆရာမဒေါ်လင်းဒါနှင့် အဖွဲ့သည့် အသက်(၆)လမှ (၅) နှစ်အတွင်း ကလေးများအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြု ဗဟိုဌာန ခန်းမ၌ ယနေ့ နံနက်(၉)နာရီက ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ အသက်(၆)လမှ (၅) နှစ်အောက်ကလေးများအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို (၆)လ (၁)ကြိမ်၊ (၁)နှစ်လျှင် (၂) ကြိမ် နှစ်စဉ် ပုံမှန်တိုက်ကျွေးခြင်းဖြစ်ပြီး ယခု(၁)ကြိမ်သည် ဖရူဆိုမြို့၊ ထီးတရဲရပ်ကွက် ၊ ထီးကူးဆိုရပ်ကွက်နှင့် ညောင်ဇင်ရပ်ကွက်ရှိ အသက်(၆)လမှ(၅)နှစ်အတွင်း ကလေးများအား တိုက်ကျွေးခြင်း ဖြစ်ပြီး အသက်(၆)လမှ(၅)နှစ် ကလေးများအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်းအား မွန်းလွဲ(၁)နာရီ (၄၅) မိနစ်တွင် ရုပ်သိမ်းလိုက်သည်။

 

‌ေ

 

ယင်းအသက်(၅) နှစ်အောက်ကလေးများအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်း နေရာသို့ ဖရူဆိုမြို့၊ ထီးတရဲရပ်ကွက် ၊ ထီးကူးဆိုရပ်ကွက်နှင့် ညောင်ဇင်ရပ်ကွက်ရှိ အသက်(၅) နှစ်အောက် ကလေးများ(၂၅၇) ဦး ခန့် တိုက်ကျွေးခဲ့ကြောင်း သိရသည်။
                                                                                               

မိုးသူ