ဖရူဆိုမြို့နယ်တွင် (COVID-19) ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်း အရှိန်မြှင့်တင်ဆောင်ရွက်

ဖရူဆို ၁၄ မေ

 

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် (COVID-19) ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်း အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်တွင်  မာခရော်ရှေ့ကျေးရွာအုပ်စု ဒေါလောခူကျေးရွာ၊ တော်ခူကျေးရွာအုပ်စု တော်ခူကျေးရွာနှင့် ကလီလျားကျေးရွာတို့တွင် ကျန်းမာရေးအသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို အရှိန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဂျေရောလမို့နှင့် ဝန်ထမ်းများက (COVID-19) ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ပြည်သူများအားလုံး လိုက်နာကြရန်နှင့် မိုးဦးကာလ၌ ဖြစ်ပေါ်လေ့ရှိသော မိုးကြိုးပစ်ခြင်း၊ လေပြင်းမုန်တိုင်းတိုက်ခတ်ခြင်းနှင့် ရာသီဉတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်းသည့် ဆောင်ရန်ရှောင်ရန်များ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ စသည်တို့ကို ပြည်သူများသိရှိစေရေး အရှိန်အဟုန်မြှင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)