ရန်ကုန်  ၂၉  ဇွန်

စာပေဖတ်ရှုမှု တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်လူငယ် စာရေးဆရာများ ပေါ်ထွန်လာစေရန် MPT နှင့် ဝန်ဇင်း Mobile App တို့ ပူးပေါင်း၍ စာရေးဆရာ ၄ ဦး၏ စာအုပ်ပေါင်း ၂၀ မှ ကြိုက်နှစ်သက်ဆုံး စာအုပ်ကို ရွေးချယ်ဖတ်ရှု၍ ထိုစာအုပ်အပေါ် မိမိကိုယ်ပိုင်အမြင်နှင့် ပြန်လည်သုံးသပ်ချက်အား ရှင်းလင်းမိထိစွာ ရေးသားဖော်ပြရမည့် “ဖတ်ညွှန်းဒိုင်ယာရီ” စာညွှန်းပြိုင်ပွဲအား ဇူလိုင်(၁)ရက်နေ့တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

 

ပြိုင်ပွဲဝင်လူငယ်များအနေဖြင့် မိမိတို့ကိုယ်တိုင်ရေးသားထားသော ဇာတ်ညွှန်းများကို မိမိကိုယ်ပိုင် Facebook Account တွင် သက်ဆိုင်ရာ Hashtage (#(AuthorName)RတeviewDiary #MPTWunZinn) ကိုအသုံးပြု၍ ပြိုင်ပွဲ၏ Facebook Group ဖြစ်သော http://bit.ly/ReviewDiaryFB တွင် ဝင်ရောက်ကြည်ရှုရမည်ဖြစ်သည်။ ပြိုင်ပွဲဝင်သူ၏ အချက်အလက်များကို Google Form မှတစ်ဆင့် တောင်းခံမည်ဖြစ်ပြီး ပြည့်စုံစွာ ရေးသားပေးပို့ရမည်ဖြစ်သည်။ “အခုလိုကာလမှာ စာပေချစ်မြတ်နိုးတဲ့ လူငယ်တွေအတွက် စာဖတ်ခြင်းနဲ့ စာရေးခြင်း ပိုမိုဖတ်ရှု လေ့လာနိုင်ဖို့ ဆောင်ရွက်တာပါ။ ဖတ်ညွှန်းဒိုင်ယာရီ စာညွှန်းပြိုင်ပွဲက မျိုးဆက်သစ် စာရေးဆရာတွေပေါ်ထွန်းဖို့ အထောက်အပံ့ဖြစ်စေမယ်လို့လည်း ယုံကြည်ပါတယ်”ဟု MPT ၏ စီးပွားရေးဌာနမှ Mr.Tetsunori Nagashima ကပြောသည်။

 

အကဲဖြတ် သုံးသတ်ခြင်းကို စာညွှန်းရေးသားမှုများနှင့် ဖန်တီးမှုဆိုင်ရာ အရေးအသားအပေါ်အခြေခံ ရွေးချယ်သွားမည်ဖြစ်ပြီး Facebook ပေါ်၌ Like and Share အများဆုံးရရှိသော အရေအတွက်ပေါ်တွင် ဆုရွေးချယ်သွားမည်ဖြစ်ရာ ပြိုင်ပွဲဝင်များအနေဖြင့် သတ်မှတ် စည်းကမ်းများကို https://bit.ly/ReviewDairy တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် အသေးစိတ် သိရှိလိုပါက https://www.fac ebook.com/wunzi nn တွင်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

ပြိုင်ပွဲဝင်တို့အတွက် ဇူလိုင်(၁)ရက်မှ(၁၀)ရက်တွင် စာရေးဆရာအကြည်တော်၏ ဘီလူး၊ ရွှေမိုးသည်း၊ ပြိုးရွှင်သည် ငိုတတ်သည်၊ ယောက္ခမနှင့် တစ်ထောင့်တစ်ည၊ ဇော်ကကနေသည် စသည့်စာအုပ်များမှလည်းကောင်း၊ ဇူလိုင်(၁၁)ရက်မှ(၂၀)ရက်တွင် ဆရာမ စံပယ်ဖြူနု၏ အလွမ်းဆိုင်၊ လှပ်၍လွင့်သော ကမ္ဘာ၊ ခေတ်ရယ်အချစ်ရယ်၊ မြောက်ဖျားက အလွမ်းရာသီ၊အယ်နီ စသည့် စာအုပ်များမှ လည်းကောင်း၊ ဇူလိုင်(၂၁)ရက် မှ(၃၀)ရက်ထိ ဆရာမ မစန္ဒာ၏ အရိပ်၊ ဆဋ္ဌဂံ၊ ဟိုဘက်ကမ်းက လမ်းပုံပြင်၊ ဂျီဟောသူ၊ ဘဝအိမ်မက် ပန်းအိမ်မက် စာအုပ်များမှလည်းကောင်း၊ ဇူလိုင်(၃၁)ရက်မှ ဩဂုတ်(၉)ရက်နေ့ထိ ဆရာသိုးဆောင်း၏ ဤအရပ် တွင်မိုးညိုခဲ့သည်၊ လက်ညှိုးထိုး၍ ပန်းဝေသီ၊ သိသောသူမည်ကား ကြားပါစေ၊ အကြင်သူသည်၊ ပဥ္စလက်ရွာ စသောစာအုပ်များမှ ပြိုင်ပွဲဝင်ရမည်ဖြစ်ပြီး  People Choice Award ဆု အပါအဝင် ဆု ၄ ဆုချီးမြှင့်သွားမည်ဖြစ်ရာ တစ်ဆုလျှင် ၄ ဦးဖြင့် စုစုပေါင်း ၁၆ ဦးကို ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထိုက်

ဓာတ်ပုံ-မောင်ယဉ်ဦး

 IMG-2294cc