ဖြူး  ၉  ဇွန်

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ၂၀၂၀-၂၀၂၁ လုပ်ငန်း ရာသီနှစ်တွင်း ဖြူး-အုတ်တွင်း- ကျောက်ကြီးမြို့နယ်များရှိ ဂရန်အင်းများ(ပထမ)အကြိမ် လေလံတင်ရောင်းချခြင်း အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ယနေ့ နံနက်ပိုင်းက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။

 

ထိုသို့ ဂရန်အင်းများ(ပထမ)အကြိမ် လေလံတင်ရောင်းချခြင်း အခမ်းအနားသို့ ငါးလုပ်ငန်းဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ဒုတိယတိုင်းဦးစီးမှူး ဦးဇော်လွင်ဝင်း၊ တောင်ငူခရိုင်ဦးစီးမှူး ဦးသက်အေး၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နီဝင်း၊ ဖြူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးနှင့် လေလံကြီးကြပ်ရေးအဖွဲ့များ၊ လေလံရောင်းချရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အင်းလေလံဆွဲသူများ တက်ရောက်ခဲ့ကြသည်။

 

အဆိုပါ (ပထမ)အကြိမ် အင်းလေလံပွဲတွင် ဖြူးမြို့နယ်မှ ဂရမ်အင်း(၁)ခု၊ အုတ်တွင်းမြို့နယ်မှ ဂရမ်အင်း(၂)ခု၊ ကျောက်ကြီးမြို့နယ်မှ ဂရမ်အင်း(၉)ခု၊ စုစုပေါင်းဂရမ်အင်း(၁၂)ခု ကိုလေလံ တင်ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ်ထက် နိုင်ငံတော်၏ဝင်ငွေခွန် ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်းကို ဖြူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ဦးစီးမှူး ဒေါ်မင်းမင်းစိုး မှ ပြောကြားခဲ့သည်။

 

မနွယ် (ဖြူး ပြန်ဆက်)