ရန်ကုန် ၁၁ ဇန်နဝါရီ

 

၂၀၁၉-၂၀၂၀ ရာသီ MFF ဖူဆယ်လိဂ်ပြိုင်ပွဲ ဒုတိယအကျော့အဖွင့် ရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၁၂) ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၂ လှိုင်၌ ဆက်လက်ကျင်းပရာ အသင်းကြီးအများစု နိုင်ပွဲရယူနိုင်ခဲ့သည်။

 

ပွဲစဉ် (၁၂) တွင် Dream Team အသင်းက AMM Brothers အသင်းကို ခြောက်ဂိုး-လေးဂိုး၊ On Doctor အသင်းက လက်ဝဲသုန္ဒရအသင်းကို ၁၁ ဂိုး-ဂိုးမရှိ၊ လက်ရှိချန်ပီယံ MIU အသင်းက Winner အသင်းကို ရှစ်ဂိုး-ဂိုးမရှိ၊ GV အသင်းက MFF ယူ-၁၉ အသင်းကို ကိုးဂိုး-ဂိုးမရှိ၊ VUC အသင်းက ဖူဆယ်ချစ်သူအသင်းကို ၁၂ ဂိုး-ဂိုးမရှိ၊ Do Do Ko Ko အသင်းက မြို့မ JY အသင်းကို ရှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဇယားထိပ်ဆုံးတွင် ရမှတ်တူဖြင့် အပြိုင်ဖြစ်နေသည့် လက်ရှိချန်ပီယံ MIU အသင်းနှင့် VUC အသင်းတို့ အမှားအယွင်းမရှိ ဂိုးပြတ်အနိုင်ရခဲ့သလို တတိယနေရာမှ GV အသင်း၊ စတုတ္ထနေရာမှ On Doctor အသင်းတို့လည်း နိုင်ပွဲရခဲ့သည်။

 

ပြိုင်ပွဲရလဒ်များအရ ဇယားထိပ်ဆုံးတွင် VUC နှင့် MIU အသင်းတို့ ၃၄ မှတ်စီရထားပြီး ဂိုးကွာခြားချက်ဖြင့် VUC အသင်းက ဆက်လက်ဦးဆောင်လျက် ရှိသည်။

 

သတင်း- ရဲရင့်ရှိုင်း