ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၄) ယနေ့ ကျင်းပမည်

၁ ဖေဖော်ဝါရီ


၂၀၁၈-၂၀၁၉ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၄) ကို ဖေဖော်ဝါရီ ၂ ရက် (ယနေ့) နံနက် ၉ နာရီမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်သည်။ အမှတ်ပေးဇယားထိပ်ဆုံးတွင် ၁၃ ပွဲဆက် အနိုင်ဖြင့် ဦးဆောင်နေသည့် MIC အသင်းသည် အဆင့် (၄) နေရာမှ GV Athletic အသင်းနှင့် တွေ့ဆုံ နေသည်။


ပွဲစဉ် (၁၄) အဖြစ် နံနက် ၈ နာရီတွင် GV Athletic  အသင်းနှင့် MIC အသင်း၊ နံနက် ၉ နာရီခွဲတွင် AMM အသင်းနှင့် PU အသင်း၊ နံနက် ၁၁ နာရီတွင် MFF ယူ-၁၉ အသင်းနှင့် VUC အသင်း၊ မွန်းလွဲ ၁၂ နာရီ ခွဲတွင် မြို့မ YTD အသင်းနှင့် Titan XII အသင်း၊  မွန်းလွဲ ၂ နာရီတွင် White Colour အသင်းနှင့် UPT အသင်း၊  ညနေ ၃ နာရီခွဲ တွင် ရွှေမြဝတီအသင်းနှင့် Comrade အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ် (၁၃) အပြီးတွင် MIC အသင်းက ၃၉ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး VUC အသင်းက ၃၆ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေ ကာ မြို့မ YTD အသင်းက ၂၇ မှတ်၊ GV Athletic အသင်းက ၂၄ မှတ်၊ ရွှေမြဝတီအသင်းက ရမှတ် ၂၀၊ UPT အသင်းက ၁၈ မှတ်၊ Comrade အသင်းက ၁၇ မှတ်၊ AMM အသင်းက ၁၅ မှတ်၊ Titan XII အသင်းက ၁၁ မှတ်၊ PU အသင်းက ၁၀ မှတ်၊ MFF ယူ -၁၉ အသင်းက ကိုးမှတ်၊ White Colour အသင်းက လေးမှတ်ရထားသည်။


GV Athletic  အသင်းသည် VUC အသင်းပြီးနောက် MIC အသင်းနှင့် ထပ်မံတွေ့ဆုံခြင်းဖြစ်ပြီး ရလဒ် ကောင်းရရန် ရုန်းကန်ရဖွယ်ရှိနေသည်။ VUC အသင်းမှာမူ MFF ယူ-၁၉ အသင်းနှင့် တွေ့ဆုံနေသောကြောင့် နိုင်ပွဲဆက်ဖွယ်ရှိနေပြီး ထိပ်ဆုံးနေရာအတွက် MIC နှင့် VUC အသင်းတို့၏ ပြိုင်ဆိုင်မှုမှာ ပိုမိုပြင်းထန်လာဖွယ်ရှိနေသည်။


သတင်း-ရဲရင့်ရှိုင်း