၂ မတ်
၂၀၁၈-၂၀၁၉ ရာသီ MFF Myanmar ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၂၀) ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပခဲ့ပြီး ဇယားထိပ်ပိုင်းမှ အသင်းများအားလုံး နိုင်ပွဲရယူနိုင်ခဲ့သည်။
ပွဲစဉ် (၂၀) အဖြစ် MIC အသင်းက PU အသင်းကို ၁၉ ဂိုး-တစ်ဂိုး၊ VUC အသင်းက Comrade အသင်းကို ၁၁ ဂိုး-တစ်ဂိုး၊ Titan XII အသင်းက AMM အသင်းကို ခြောက်ဂိုး-လေးဂိုး၊ GV Athletic အသင်းက UPT အသင်းကို လေးဂိုး-ဂိုးမရှိ၊ White Colour အသင်းက MFF ယူ-၁၉ အသင်းကို လေးဂိုး-သုံးဂိုး၊ မြို့မ YTD အသင်းက ရွှေမြဝတီအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ယနေ့ကျင်းပသည့်ပွဲစဉ်တွင် ထိပ်ဆုံးမှ MIC အသင်း ပွဲ ၂၀ ဆက်တိုက်အနိုင်ရခဲ့ပြီး ဇယားအောက်ပိုင်းမှ Titan XII နှင့် White Colour အသင်းတို့ နိုင်ပွဲရခဲ့၍ ရပ်တည်မှုများ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ရှုံးပွဲကြုံတွေ့ခဲ့သည့် လက်ရှိချန်ပီယံ PU အသင်းတို့မှာ ဇယားအောက်ဆုံးသို့ ရောက်ရှိခဲ့သည်။
ပွဲစဉ် (၂၀) အပြီးတွင် MIC အသင်းက ရမှတ် ၆၀၊ VUC အသင်းက ၅၇ မှတ်၊ GV Athletic အသင်းက ၄၂ မှတ်၊ မြို့မ YTD အသင်းက ၃၉ မှတ်၊ UPT အသင်းက ရမှတ် ၃၀၊ AMM အသင်းက ၂၇ မှတ်၊ ရွှေမြဝတီအသင်းက ၂၄ မှတ်၊ Comrade အသင်းက ၁၇ မှတ်၊ Titan XII အသင်းက ၁၆ မှတ်၊ MFF ယူ-၁၉ အသင်းက ၁၅ မှတ်၊ White Colour အသင်းက ၁၄ မှတ်၊ PU အသင်းက ၁၃ မှတ် ရရှိထားသည်။
ပွဲစဉ် (၂၁) ကို မတ် ၁၃ ရက်တွင် ဆက်လက်ကျင်းပမည် ဖြစ်သည်။
ရဲရင့်ရှိုင်း