၁၃ မတ်

 

၂၀၁၈-၂၀၁၉ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၂၁) ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပရာချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသည့် MIC အသင်းနှင့် VUC အသင်းတို့ နိုင်ပွဲရခဲ့သောကြောင့် နောက်ဆုံးပွဲအထိ စောင့်ကြည့်ရမည်ဖြစ်သည်။ 

 

ပွဲစဉ် (၂၁) တွင် VUC အသင်းက PU အသင်းကို ၁၆ ဂိုး-ဂိုးမရှိ၊ MIC အသင်းက ရွှေမြဝတီအသင်းကို ၁၃ ဂိုး-နှစ်ဂိုး၊ UPT အသင်းက AMM အသင်းကို ငါးဂိုး-သုံးဂိုး၊ GV Athletic အသင်းက White Colour အသင်းကို ၁၉ ဂိုး-လေးဂိုး၊ မြို့မ YTD အသင်းက MFF ယူ-၁၉ အသင်းကို လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရပြီး Comrade အသင်းနှင့် Titan XII အသင်းတို့ နှစ်ဂိုးစီသရေကျခဲ့သည်။ ပွဲစဉ် (၂၁) အပြီးတွင် MIC အသင်းက ၆၃ မှတ်၊ VUC အသင်းက ရမှတ် ၆၀၊ GV Athletic အသင်းက ၄၅ မှတ်၊ မြို့မ YTD အသင်းက ၃၉မှတ်၊ UPT အသင်းက ၃၃ မှတ်၊ AMM အသင်းက ၂၇ မှတ်၊ ရွှေမြဝတီအသင်းက ၂၄ မှတ်၊ Comrade အသင်းက ၁၈ မှတ်၊ Titan XII အသင်းက ၁၇ မှတ်၊ MFF ယူ-၁၉ အသင်းက ၁၅ မှတ်၊ White Colour အသင်းက ၁၄ မှတ်၊ PU အသင်းက ၁၃ မှတ်ရထားသည်။ 

 

နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၂၂) ကို မတ် ၂၀ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲအပြီးတွင် ဆုချီးမြင့်ပွဲ ဆက်လက်ကျင်းပမည်ဖြစ်သည်။ တစ်ပွဲကစားရန် လိုတော့သည့်အချိန်တွင် ၆၃ မှတ်ရထားသည့် MIC အသင်းနှင့် ရမှတ် ၆၀ ရထားသည့် VUC အသင်းတို့ ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေပြီး ရမှတ်တူပါက ဂိုးကွာခြားချက်ဖြင့် ဆုံးဖြတ်မည်ဖြစ်ရာ VUC အသင်းအနေဖြင့် နှစ်ဂိုးနှင့်အထက် အနိုင်ရရန် လိုအပ်နေသည်။ ပထမအကျော့တွေ့ဆုံမှုတွင် MIC အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရထားသည်။

 

သတင်း-ရဲရင့်ရှိုင်း