ရန်ကုန် ၁၆ ဖေဖော်ဝါရီ
၂၀၁၈-၂၀၁၉ ရာသီ MFF Myanmar ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၇) ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသား အားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပရာ ထိပ်ဆုံးမှ MIC အသင်း ၁၇ ပွဲဆက် အနိုင်ရခဲ့သည်။
ပွဲစဉ် (၁၇) တွင် VUC အသင်းက UPT အသင်းကို ၁၂ ဂိုး-ဂိုးမရှိ၊ MIC အသင်းက White Colour အသင်းကို ၁၀ ဂိုး-သုံးဂိုး၊ မြို့မ YTD အသင်းက PU အသင်းကို ခုနစ်ဂိုး-သုံးဂိုး၊ GV Athletic အသင်းက AMM အသင်းကို ၁၁ ဂိုး-တစ်ဂိုး၊ MFF ယူ-၁၉ အသင်းက Comrade အသင်းကို ငါးဂိုး-လေးဂိုးဖြင့် အနိုင်ရပြီး Titan XII အသင်းနှင့် ရွှေမြဝတီအသင်းတို့ နှစ်ဂိုးစီသရေကျခဲ့သည်။
ပွဲစဉ် (၁၇) အပြီးတွင် MIC အသင်းက ၅၁ မှတ်ဖြင့် ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်လျက်ရှိပြီး VUC အသင်းက ၄၈ မှတ်ဖြင့် ဒုတိယနေရာမှ ဖိအားပေးလျက်ရှိသည်။ ချန်ပီယံဆုအတွက် ယင်းနှစ်သင်း အပြိုင်ဖြစ်နေသလို ၃၃ မှတ်စီရထားသည့် GV Athletic အသင်းနှင့် မြို့မ YTD အသင်းတို့၏ တတိယနေရာအတွက် ပြိုင်ဆိုင်မှုမှာလည်း စိတ်ဝင်စားစရာကောင်းနေသည်။
ရဲရင့်ရှိုင်း