ဖြူး ဇွန် ၂၄

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ​ဖြူးမြို့နယ်၌ ဇွန် ၂၄ ရက် နံနက်ပိုင်းက တံခွန်တိုင်ကျေးရွာအုပ်စု၊ ကျောင်းတော်ရာကျေးရွာ၊ မေတ္တာပေါင်းကူးတံတာအနီး ဖြူးချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြသည်။

 

ငါးမျိုးစိုက်ထည့်ရာတွင် တောင်ငူခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ဦး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် အဖွဲ့ဝင်များ၊ ဖြူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက  ငါးမြစ်ချင်းသားပေါက် ကောင်ရေ ၂၀၀၀၀၀ နှင့် ငါးခုံးမကြီး သားပေါက် ကောင်ရေ ၁၀၀၀၀၀ စုစုပေါင်းငါးသားပေါက်ကောင်ရေ ၃၀၀၀၀၀ ကို ဖြူးချောင်းရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ကြသည်။

 

နေမျိုးလွင်(ပြန်/ဆက်)