ဖြူး  ၂၁  မေ

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်သည် စိုက်ပျိုးရေးကို အဓိက အားထား သောမြို့ဖြစ်ပြီး လယ်စိုက်ဧက(၁၅၇၅၀ဝ)၊  နွေစပါးစိုက်ဧက(၅၂၀ဝ) ၊ဖြူးချောင်းဆည် ရေပေးဝေရေးမှ လက်ဝဲမြောင်း မကြီးရေမှ သုံးသီးစားစိုက်ဧက(၁၅၀ဝ)ဧကကို ယခုနှစ် တွင် စိုက်ပျိုးနိုင်ခဲ့သည်။

 

နောင်နှစ်တွင်သုံးသီးစား စိုက်ဧကတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် ဖြူးချောင်းဆည်ရေသောက်စနစ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

 

ဖြူးချောင်းဆည်ရေသောက် စနစ်များကို (၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ် ပြည်ထောင်စု ရံပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ ယခုနှစ်အတွက် လျာထားသည့် လုပ်ငန်းများအားလုံး မကြာမီ ကာလအတွင်း ပြီးစီးတော့မည်ဖြစ်ကြောင်း၊ ယခုနှစ် ဆည်ရေမှ လယ်ဧက(၅၀ဝ၀)ကို ရေပေးဝေနိုင်ကြောင်း၊ လုပ်ငန်းများပြီးစီး ပါကနောက်နှစ်နွေစပါး စိုက်ပျိုးရာသီတွင် လယ်ဧက (၁၀ဝ၀ဝ)ခန့် ထပ်မံ ရေပေးဝေနိုင်မည် ဖြစ်ကြောင်း စုစုပေါင်းစိုက်ဧက(၁၅၀ဝ၀)ကို ရေပေးဝေနိုင်မည် ဖြစ်ကြောင်း ဆည်မြောင်းရေပေးဝေရေး ဌာနမှ ဦးစီးအရာရှိ ဦးဗိုလ်ဗိုလ်ဇော်က ပြောကြားခဲ့သည်။

 

ဖြူးချောင်းဆည်ရေ ရရှိမှုကြောင့် တောင်သူများမှ သုံးသီးစားစိုက်ပျိုးနိုင်၍ ဝင်ငွေတိုးကြသည့်အတွက် လာမည်နှစ်တွင် ဆည်ရေရရှိသည့် လယ်များအားလုံးကို စိုက်ပျိုးကြမည်ဖြစ်ကြောင်း သိရသည်။

 

မနွယ်(ဖြူးပြန်ဆက်)