နေပြည်တော် ဖေဖော်ဝါရီ ၂၆
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ မြို့မ(၄)ရပ်ကွက်၊ ဘူတာပိုင်းနေ မအိအိချော၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် နောင်ချိုမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ မကျီးရေ ကျေးရွာအနီးတွင် သတင်းအရ ဇော်သူရ မောင်းနှင်လာသည့် TOYOTA LAND CRUISER အမျိုးအစား ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၆,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား