ဖြူး ဇူလိုင် ၁၃

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ကားယား အခြေခံပညာ မူလတန်းလွန်ကျောင်း၌ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ဖြူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက ကျောင်းသား ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့သည်။

 

ဦးစွာ ဖြူးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်သူဇာလွင်၊ ဖြူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုး၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းတို့က သက်ဆိုင်ရာကဏ္ဍအလိုက်  အသိပညာပေးဟောပြောကြသည်။ ဟောပြောပွဲ အပြီးတွင် တက်ရောက်လာကြသော အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား  အာဇာနည်နေ့နှင့် ပတ်သက်သည့်  အသိပညာပေး နံရံကပ်ပြဘုတ်များကို  ပြသပေးခြင်း၊ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကို လက်တွေ့ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

 

နေမျိုးလွင်(ပြန်/ဆက်)