ဖြူး ဇန်နဝါရီ ၁၃

 

ကြံစိုက်ပျိုးမှုဧက ပြည့်မီပြီးကြံတန်ချိန် အထွက်ကောင်းရေးအတွက် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၌ ကြံစိုက်ဧက ၁၅၂၁ ဧက စိုက်ပျိုးထားခဲ့ရာ ကြံခုတ်ဈေးကွက်အတွင်း ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။

 

“ဖြူးမြို့နယ်မှာ ကြံမျိုးအနေနဲ့ ဒေသရာသီဥတုနဲ့ကိုက်ညီတဲ့ K- 95/84 အထွက်ကောင်း မျိုးကို အများဆုံးစိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်း ၃၅ တန်ကနေ တန် ၄ဝ ထွက်ရှိပါတယ်”ဟု ကြံစိုက်တောင်သူ ကိုညွန့်ဝင်းထံက သိရသည်။

 

ဖြူးမြို့နယ်အတွင်း ကြံစိုက်ပျိုးရာတွင် ကြံစိုက်တောင်သူများ စိုက်ပျိုးနိုင်မှု ၁၄၁၅ ဧက၊ ညောင်ပင်သာသုတေသနခြံတွင် စိုက်ပျိုးနိုင်မှု ၉၅ ဧက၊ စိမ့်ကြီးခြံတွင် စိုက်ပျိုးနိုင်မှု ၁၁ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဒေသအတွင်း စိုက်ပျိုးသည့်ကြံမျိုးများကို ညောင်ပင်သာကြံမျိုးပွားခြံနှင့် စိမ့်ကြီးမျိုးပွားခြံတို့မှ အဓိကထားမျိုးယူတိုးချဲ့စိုက်ပျိုးကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)