ဖြူး ၈ ဇွန်

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ချိန် ကာလမှ ဇွန် ၈ ရက်ထိ  ကျောင်းသား/ကျောင်းသူများ  ထပ်မံများပြားလာပြီး အေးချမ်းစွာ တက်ရောက် ပညာသင်ကြားနေလျက်ရှိကြောင်း  သိရသည်။

 

ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဇွန်လ ၁ ရက်မှ စတင်ကာ ကျန်မာရေး၀န်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းဖွင့်သည့် ကာလအတွင်းတွင်လည်း နေ့စဉ် ကျောင်းအပ်လက်ခံမှုများ ဆောင်ရွက်ပေးနေရာ ဇွန် ၈ ရက်အထိ ကျောင်းသား/ကျောင်သူဦးရေ ထပ်မံများပြားလာသောကြောင့်  ..က (၁၄) ကျောင်း၊ အ..က ခွဲ () ကျောင်း၊ အ..က(၁၂) ကျောင်း၊ အ..က (ခွဲ) (၃၀) ကျောင်း၊ မူလွန် (၁၅၁) ကျောင်း၊ အ..က ()ကျောင်း၊ အ..ကခွဲ () ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း (၂၃၀) ကျောင်းတွင် ကျောင်းသား/ကျောင်းသူ ၂၂၂၄၁ ဦးသည် အေးချမ်းစွာ ပညာသင်ကြားနေလျက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

 

ထို့ပြင်ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးနေပြီး ကျောင်းသား/ကျောင်းသူများ ဆက်လက်ကျောင်းအပ်ရာတွင်လည်းကောင်း၊ ပညာသင်ကြားရာတွင်လည်းကောင်း၊ ဘေးကင်းလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်သိ ပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

နေမျိုးလွင်(ဖြူး)