ဖြူး သြဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် အတွင်းရှိ ဆေးဆိုင်များတွင် ဆေးဝါးများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများအား စျေးနှုန်းမြှင့်တင်ဖြန့်ဖြူးရောင်းချခြင်း မပြုရန်၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန် သြဂုတ်(၁၆)ရက် မနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းများ ဖြူးမြို့နယ်တွင် ဆေးဆိုင်ပေါင်း(၁၀၆)ရှိရာ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များတွင် ဆေးဝါးနှင့်ဆေးဝါးပစ္စည်းများ ရောင်းချရာ၌ ထိုက်သင့်သည့်စျေးနှုန်းထက် မြှင့်တင် ရောင်းချခြင်း မပြုရန်နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ တစ်နေကုန် ဖွင့်လှစ်ရောင်းချပေးသွားကြရေး ဆေးဆိုင်(၂၀)ကျော်အား ညှိနှိုင်းဆောင်ရွက်ခြင်းများကို မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကမှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်မင်းမောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ကျန်းမာ ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးရေးရာဦးစီးဌာနနှင့်ကျေးရွာ အုပ်ချုပ်ရေး မှူးများက ပူးပေါင်းစစ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နေမျိုးလွင်(ဖြူးပြန်/ဆက်)


