ဖြူး စက်တင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားနေမှုကို ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကာကွယ်ဆေး ထိုးနှံပေးရာနေရာများတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကွင်းဆက်ပြတ်တောက်နိုင်ရေးအချက်များ၊ မဖြစ်မနေအရေးကြီး ကိစ္စများဖြင့် သွားလာရာ၌ ပါးစပ်နှင့် နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်သွားလာနိုင်ရန်၊ အပြင်မှ ပြန်လာပြီးတိုင်း ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ ကူးစက်ရောဂါပြန့်ပွားမှုအား အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် စသည့်တိုက်တွန်းနှိုးဆော်ချက်များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် စက်တင်ဘာ ၄ ရက် ညပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၆)ဦး ထပ်မံတိုးပြီး ယနေ့ထိ စုစုပေါင်းအတည်ပြုလူနာ (၁၂၃၇) ဦး၊ သေဆုံးသူမှာ (၇၃)ဦးအထိရှိကြောင်း သိရသည်။
နေမျိုးလွင်(ဖြူးပြန်/ဆက်)


