ဖြူး   စက်တင်ဘာ   ၁၄

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေသည့် လူမှုရေးအသင်းအဖွဲ့များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို စက်တင်ဘာ(၁၃)ရက် မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ထို့သို့ထောက်ပံ့ရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများမှ လူမှုရေးအသင်းအဖွဲ့များဖြစ်သည့် ဖြူးမြို့နယ်အတွင်းရှိ ကြက်ခြေနီတပ်ဖွဲ့(၁၁)ဖွဲ့၊  ဆင်ဖြူတော်လူမှုကူညီရေးအဖွဲ့(၅)ဖွဲ့၊ စေတနာမွန် လူမှုကူညီရေးအဖွဲ့(၁၀)ဖွဲ့၊ We Love Phyu လူမှုကူညီရေးအဖွဲ့(၇)ဖွဲ့၊ မြို့မလူမှုကူညီရေးအဖွဲ့(၅)ဖွဲ့၊ ဖြူးအရှေ့လူမှုကူညီရေးအဖွဲ့(၅)၊ ဇေယျဝတီလူမှုကူညီရေးအဖွဲ့(၅)ဖွဲ့ စုစုပေါင်း(၄၈)ဖွဲ့တို့အား တစ်ဖွဲ့လျှင် Surgical Mask ဘူး (၁၅၀)၊ KN(95) ဘူး (၅၀)၊ PPE Level(1) (၁၀)ဘူး၊ PPE Level(2) (၁၀)ဘူး၊ ခေါင်းစွပ် ဘူး(၅၀)၊ လက်အိပ်ဘူး(၅၀)၊ မျက်မှန်(၅)ဘူး၊ ဖိနပ်(၂)ဘူး၊ Hand Santizer(၂)ဘူးတို့ကို ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့ရာ တက်ရောက်လာကြသော လူမှုကူညီရေးအဖွဲ့ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြောင်း သိရသည်။

                                                                                     

 မြို့နယ်(ပြန်/ဆက်)