ဖြူး ဇန်နဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်တွင် နွေစပါးစိုက်ဧက (၁၇၃၈၉)ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
ဖြူးမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးနိုင်ရေး ဒေသလျာထားမှုတွင် အင်းအိုင်ရေဖြင့် (၄၀၉)ဧက၊ ချောင်းပိတ်ရေဖြင့် (၃၅၅၃)ဧက၊ ဆည်ရေဖြင့်(၁၃၄၂၇)ဧကရှိပြီး အဓိကစိုက်ပျိုးသော စပါးမျိုးများမှာ ဗီယက်နမ်မျိုး၊ ဆင်းသုခမျိုး၊ နှံကောက်မျိုး၊ ရက်(၉၀)မျိုးများဖြစ်ကြောင်း သိရသည်။
ယခုကာလတွင် ဖြူးချောင်းရေလှောင်တမံမှ နွေစပါးစိုက်ပျိုးနိုင်ရေး ရေပေးဝေနေလျက်ရှိပြီး နွေစပါး စိုက်တောင်သူများအနေဖြင့် စတင်ထွန်ယက်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်း ယခင်နှစ်တွင် နွေစပါးစိုက်ဧက (၁၅၂၂၈)ဧကလျာထားခဲ့ပြီး အမှန်စိုက်ပျိုးနိုင်မှုမှာ (၁၇၃၈၉)ဧကရှိသဖြင့် လျာထားမှုဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


