ဖြူး ဇူလိုင် ၂၀

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာ ၁၀ ရွာ၊ တစ်ရွာလျှင် ထောက်ပံ့ငွေသိန်း ၁၅၀ ထောက်ပံ့သွားမည်ဖြစ်ရာ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

 

အဆိုပါ ကျေးရွာ ၁၀ ရွာဖြစ်သည့် ရန်ပူကျေးရွာ၊ ကီးလား(၃)ကျေးရွာ၊ သစ်ချဆိပ်ကျေးရွာ၊ ကြူအင်းကျေးရွာ၊ မြို့ချောင်းကျေးရွာ၊ မင်းလမ်းကူး(ရှမ်း)ကျေးရွာ၊ မင်းလမ်းကူး(ကုလား)ကျေးရွာ၊ စွန်သိုက်ကျေးရွာနှင့် ကွင်းဝိုင်းကျေးရွာများမှ ကျေးရွာလူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာတွင်း ကျောက်ရောမြေခင်းခြင်း လုပ်ငန်းများနှင့် ရေသန့်စင်စက် တပ်ဆင်ခြင်းလုပ်ငန်းများကို လိုအပ်ချက်များအရ အဓိကဆောင်ရွက်သွားမည်ဖြစ်ပြီး သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေး ဝန်ကြီးဌာန၊ ဖြူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)