ဖြူး ၂၀ ဧပြီ
တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူမည့် ပင်စင်စားများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်စေရေးကိုရည်ရွယ်၍ ပင်စင်ထုတ်ပေးနေကျ ကာလအတွင်း ပင်စင်လစာထုတ်ယူရေး အဆင်ပြေစေရန် မြို့နယ်အားကစားကွင်း မိုးလုံလေလုံ ခန်းမတွင်ထုတ်ပေးမည် ဖြစ်သည်။
ဖြူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာထုတ်ယူလျက်ရှိသော လူဦးရေ(၃၅၀ဝ)ဦး ကျော်ရှိရာ ယခင်ကာလများတွင် ပင်စင်လစာစတင်ထုတ်ပေးသည့် ပထမနေ့တွင် လူဦးရေ(၇၀ဝ မှ ၈၀ဝ) အတွင်း လာရောက်ထုတ်ယူလေ့ရှိသည်။ ယခုကာလ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြစ်ကြောင်း ဘဏ်မန်နေဂျာကြီး ဒေါ်အေးအေးခိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
မနွယ်(ဖြူးပြန်/ဆက်)


