ပရိသတ်ကြီးနှင့် ကင်းကွာနေမှုမဖြစ်လိုသည့်အတွက် တစ်ကိုယ်တော် မီနီသီချင်းခွေကို ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ဂီတအပြင် ဖျော်ဖြေမှုများတွင်လည်း အသွင်ထူး အောင်မြင်သူ ဖြူဖြူကျော်သိန်းက ပြောကြားသည်။
“လက်ရှိမှာ ကျွန်မက New Project Phyucifer ဆိုပြီး လုပ်နေတာရှိပါတယ်။ အဲဒီမှာ ပရိသတ်ကြိုက်ဖို့ ၉၀ ရာခိုင်နှုန်းသေချာတဲ့ သီချင်းတွေကိုပဲ ရွေးပြီးဆိုနေမယ်။
ပြီးတော့ အဲဒီအဆိုတော်ဟာ အနုပညာအားဖြင့် မစွန့်စားရဲဘူး၊ ဘာမှ တိုးတက်ပြောင်းလဲမှုမရှိ ဘူးဆိုရင် တာဝန်မကျေ တဲ့ အဆိုတော်လို့ ထင်ပါတယ်။ ဒါကြောင့် ပရိသတ် အပေါ် တာဝန်ကျေတဲ့ အဆိုတော် ဖြစ်ချင်ပါတယ်။ ပရိသတ်ကြိုက်စေမယ့် သီချင်းတွေကိုလည်း ဆက်တိုက်သီဆိုသွားဖို့ ရှိပါတယ်” ဟု ဖြူဖြူကျော်သိန်းက ပြောကြားသည်။
ကိုလင်း