ဖယ်ခုံ ၂၀ ဇူလိုင်


ဖယ်ခုံမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက် ၆ နာရီက မြို့ကုန်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါလုပ်ငန်းများကို ပူးပေါင်းအဖွဲ့များက နံနက် ၆ နာရီ၌ မြို့ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စုစည်း၍ အဆိုပါမြို့ကုန်းရပ်ကွက်တွင် အဖွဲ့များခွဲကာ လူနေအိမ်ခြံဝန်းများအတွင်း ခြုံနွယ်ပိတ်ပေါင်းများနှင့် ခြင်ခိုအောင်းနိုင်သော နေရာများမှတစ်ဆင့် ခြင်၊ ယင်၊ ပိုးလောက်လန်းများ ပေါက်ဖွားပြီး ပြည်သူလူထုအတွင်း သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားရောဂါများ ဖြစ်ပွားမှုမရှိစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 

 

DSC0


အဆိုပါ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး/ဆယ်အိမ်မှူးများ စုပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။


ကိုထွေး(ဖယ်ခုံ)

 

DSC073