ဖယ်ခုံမြို့နှင့် မိုးမိတ်မြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ တွေ့ရှိဖျက်ဆီး

နေပြည်တော်  ၂၀ ဖေဖေါ်ဝါရီ 

 

ဖယ်ခုံမြို့နယ်၊ ကာလကျေးရွာ အနောက်တောင်ဘက် ၃ ဖာလုံခန့် အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း (၂၀)ဧကခန့်အား ဖယ်ခုံမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆွေ ဦးစီးပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက်တွင် ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

 

အလားတူ မိုးမိတ်မြို့နယ်၊ နမ့်ဖွတ်ကျေးရွာ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိ ဘိန်းစိုက်ခင်း (၁)ဧကခန့်အား မိုးမိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇာနည်လတ် ဦးစီးသည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN