နေပြည်တော် ၂၁ ဖေဖော်ဝါရီ 

 

ဖယ်ခုံမြို့နယ်၊ လွယ်စေတီကျေးရွာ အနောက်ဘက် ၂ ဖာလုံခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း (၁၀)ဧကခန့်အား ဖယ်ခုံမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆွေ ဦးစီးပူးပေါင်းအဖွဲ့မှ ဖေဖော်ဝါရီ ၂၀ ရက်က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

 

အလားတူ ပင်လောင်းမြို့နယ်၊ ပင်မွန်း(တောင်)ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း (၂၈)ဧကအား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN