ချယ်လ်ဆီးအသင်း တိုက်စစ်မှူး လူကာကူကို အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းနဲ့ ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ချယ်လ်ဆီး အသင်းဟာ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ လူကာကူကို ယခုနွေရာသီ အပြောင်းအရွှေ့ ကာလအတွင်းမှာ အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူး လူကာကူကို ၂၀၂၁ ခုနှစ် အတွင်းက ပြောင်းရွှေ့ကြေးပေါင် ၉၇ ဒသမ ၅ သန်းနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်သို့ ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပြီး တိုက်စစ်မှူး လူကာကူဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ချယ်လ်ဆီးအသင်းမှာ ကစားခဲ့ဖူးတာကြောင့် အသင်းကနေ ထွက်ခွာပြီးနောက် ကိုးနှစ်အကြာမှာ လူကာကူကို ပြန်လည်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပေမယ့် တိုက်စစ်မှူး လူကာကူဟာ ယခုနှစ် ဘောလုံး ရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပရီမီယာလိဂ်သွင်းဂိုး ငါးဂိုးသာ သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါ တယ်။ ဒါကြောင့် နည်းပြ တူချယ်လက်ထက်မှာ ပထမဆုံးပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ဖို့ပင် အတော်လေးရုန်းကန်နေရတာ ဖြစ်ပါတယ်။
တိုက်စစ်မှူး လူကာကူဟာ အင်တာမီလန်အသင်းမှာ နှစ်နှစ်ကြာ ကစားခဲ့စဉ်က ပြိုင်ပွဲအရပ်ရပ်မှာ ၉၅ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး စုစုပေါင်း ၆၄ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အင်တာမီလန်အသင်းက တိုက်စစ်မှူး လူကာကူကို ပြန်လည်ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပြီး လက်ရှိအချိန်မှာ ပီအက်စ်ဂျီအသင်း ကလည်း ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် ချယ်လ်ဆီးအသင်းက တိုက်စစ်မှူး လူကာကူကို နွေရာသီဈေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ ပြင်ဆင်လာတာဖြစ်တယ်လို့ သိရပါတယ်။
ငွေကြယ်