ပီအက်ဖ်အေအကောင်းဆုံးဆုအတွက် တင်သွင်းခံရသူများ အမည်စာရင်း ထွက်ပေါ်

မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဒီဘရိုင်း၊ မန်ယူတိုက်စစ်မှူး စီရိုနယ်လ်ဒို၊ လီဗာပူးအသင်းမှ တိုက်စစ်မှူး ဆာလာ၊ မာနေးနဲ့ နောက်ခံလူ ဗန်ဒိုက်တို့ဟာ ပီအက်ဖ်အေတစ်နှစ်တာ  အကောင်းဆုံး ကစားသမားဆုအတွက် အမည်စာရင်း တင်သွင်းခံရသူတွေထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။

ပီအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးဆုအတွက် အမည်စာရင်းတင်သွင်းခံရတဲ့ထဲမှာ စပါးအသင်း တိုက်စစ်မှူး ဟယ်ရီကိန်းပါဝင်ခဲ့ပေမယ့် ထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ တိုက်စစ်မှူး ဆွန်ဟောင်မင် ကတော့ ပါဝင်လာခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။

ပီအက်ဖ်အေ တစ်နှစ်တာအကောင်း ဆုံးကစားသမားဆုရှင်ကို ဇွန် ၉ ရက်မှာ ထုတ်ပြန်ကြေညာ မှာဖြစ်ပြီး ပရီမီယာလိဂ်ချန်ပီယံ မန်စီးတီးအသင်းမှ ဒီဘရိုင်းဟာ အခုနှစ်ဘောလုံးရာသီမှာ သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ရှစ်ကြိမ်ပြုလုပ်ထားနိုင်ခဲ့တာကြောင့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီမီယာလိဂ် အကောင်းဆုံးကစားဆုကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။

ပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုအတွက် လက်ရှိမှာ ကစားသမား ခြောက်ဦး အမည်စာရင်းတင်သွင်းခံထားရပြီး အဲဒီခြောက်ဦးထဲမှာ ပရီမီယာလိဂ် သွင်းဂိုး  ၁၄ ဂိုး သွင်းယူထားတဲ့ မန်စီးတီးအသင်းမှ လူငယ်ကစားသမား ဖီးလ်ဖိုဒန်က ထိပ်ဆုံးမှာပါဝင်နေတာ ဖြစ်ပါတယ်။

ငွေကြယ်