ပြီးခဲ့သည့်ဆောင်းရာသီအတွင်း ကမ္ဘာလှည့်ခရီးသွား ၂ ဒသမ ၄၆ သန်း တိဘက်ဒေသသို့ လည်ပတ်ခဲ့ 

တရုတ်နိုင်ငံရှိ တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ပြီးခဲ့သည့် ဆောင်းရာသီတွင် ကမ္ဘာလှည့် ခရီးသွား ၂ ဒသမ ၄၆ သန်း လက်ခံရရှိခဲ့ပြီး နှစ်အလိုက် ၈၄ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဒေသန္တရာ အာဏာပိုင်များက ပြောကြားသည်။

 

mdn

 

တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ခရီးသွားလုပ်ငန်းသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁ ရက်မှ ယခုနှစ် မတ်လ ၁၅ ရက်အတွင်း အမေရိကန်ဒေါ်လာ ၃၉၀ ဒသမ ၂ သန်းနှင့်ညီမျှသည့် ဝင်ငွေ ၂ ဒသမ ၆၂ ဘီလီယံ ရရှိခဲ့ပြီး နှစ်အလိုက် ၄၁ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးဌာန၏ စာရင်း အင်းများအရ သိရသည်။

 

mdn

 

ဆောင်းရာသီအတွင်း ကမ္ဘာလှည့်ခရီးသွားများကို ပိုမိုဆွဲဆောင်ရန် ကြိုးပမ်းမှုအနေဖြင့် ခရီး သွားနယ်မြေအချို့အတွက် ဝင်ကြေးများလျော့ပေးခြင်းအပါအဝင် ဦးစားပေးမူဝါဒများ ဆောင်ရွက်ခြင်းနှင့် ဆောင်းရာသီ ကာလအတွင်း လေယာဉ်လက်မှတ်များ ဈေးလျော့ပေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်