ပီရူးနိုင်ငံ၌ မင်္ဂလာဆောင်ကျင်းပလျက်ရှိရာ ဟိုတယ်တစ်ခုအနီးတွင် မြေပြိုမှုဖြစ်ပွားပြီးနောက် လူ ၁၅ ဦးထက် မနည်း သေဆုံးခဲ့သည်။
ရွံ့ညွှန်များနှင့် ကျောက်တုံးများမှာ တနင်္ဂနွေနေ့က ပီရှုးနိုင်ငံတောင်ပိုင်း အဘန်ကေးမြို့ရှိ အဆောက်အဦအတွင်းသို့ ပြိုကျခဲ့ခြင်းဖြစ်သည်။
လူပေါင်း ၃၀ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါ မင်္ဂလာအခမ်းအနားမှာ စနေနေ့ညက ကျင်းပခဲ့ခြင်းဖြစ်ပြီး ဧည့်သည် ၁၀ဝဦးကျော်မှာ သန်းခေါင်ယံပါတီပွဲကို ဆက်လက်ကျင်းပခဲ့သည်။
အဆိုပါ ဧရိယာအတွင်း မိုးများသည်းထန်စွာ ရွာသွန်းခဲ့ပြီး အဆိုပါ ဟိုတယ်သည် ဘေးအန္တရာယ်တစ်ရပ်ဒဏ် ခံနိုင်ရည်ရှိရန် ပြင်ဆင်ထားခြင်းမရှိခဲ့ဟု ဒေသန္တရအစိုးရက သံသယရှိနေသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်
