၃ ဇွန်
ပီရူးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သတင်းယူရင်း ဗိုင်းရပ်စ်ပိုးကူးစက်ခံရတဲ့အတွက် သတင်းထောက် ၂၀ ဦး သေဆုံးကြောင်း ပီရူးသတင်းထောက်သမဂ္ဂက အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။
ပီးရူးနိုင်ငံဟာ လက်တင်အမေရိကနိုင်ငံတွေထဲမှာ ဘရာဇီးနိုင်ငံပြီးရင် ဗိုင်းရပ်စ်ပိုးဒဏ် ဒုတိယအများဆုံးခံရတဲ့ နိုင်ငံဖြစ်ပါတယ်။ သေဆုံးသူ ၄၆၀ဝ ဦးနဲ့ ကူးစက်ခံရသူ ၁၇၀,ဝဝဝ ကျော်ရှိကြောင်း သိရပါတယ်။
သတင်းထောက်အဖွဲ့အစည်းက ဇူလီယာနာက ဇွန် ၁ ရက်နေ့အထိ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ သတင်းထောက် ၂၀ ဦးရှိကြောင်း၊ သတင်းထောက်အများစုဟာ ဗိုင်းရပ်စ်ပိုးအကြောင်းကို လမ်းတွေပေါ်ထွက်ပြီး သတင်းရယူခြင်း၊ ဆေးရုံနဲ့ ဈေးတွေထဲကို သွားရောက်ပြီးသတင်းရယူစဉ်မှာ လုံခြုံတဲ့အကာကွယ်ပစ္စည်း လုံလောက်စွာ မပါခြင်းတို့ကြောင့် ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး သေဆုံးကြရတယ်လို့ ပြောပါတယ်။
သေဆုံးသူ သတင်းထောက်တွေထဲမှာ ၇ ဦးဟာ ပီရူးနိုင်ငံရဲ့ ဗိုင်းရပ်စ်ပိုးဒဏ်အများဆုံးခံရတဲ့ လိုရီတိုဒေသမှ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်ပိုးဒဏ်ကြောင့် သေဆုံးတဲ့ သတင်းထောက်အများစုဟာ အလွတ်တန်းသတင်းထောက်တွေ ဖြစ်ကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP